Friday, November 10, 2017

Types of bulbous bow
-------------------------
Bulbous bow ရဲ့အဓိက purpose ကတော့ Wake making resistance
ကိုလျှော့ချပြီး power efficiency ကိုတက်စေဖို့ပါ။ Ship ကို forward aft
ကကြည့်မယ်ဆိုရင် Bulbous bow တွေအနေနဲ့အခုလို ၃မျိုး ကွဲပြားပါတယ်။
(1)Delta type
Delta type မှာဆိုရင် lower half ပိုင်းဟာ upper half ပိုင်းထက်
Volume concentrated ပိုများတာတွေ့ရပါတယ်။ ဒီအချက်က water line
မကြာခဏ ပြောင်းလဲတတ်တဲ့ သင်္ဘောများ (ကုန်တင်ကုန်ချ များသော သင်္ဘော) များအတွက်အဆင်ပြေပါတယ်။ ကုန်တင်မှုများလာတာနှင့်အညီ bulb ဟာပိုနစ်မြုပ်လာလေလေ wave making resistanceကိုလျှော့ချနိုင်လေဖြစ်ပါတယ်။
(2)'O' type
'O' type မှာတော့ Volume concentrated ဟာ center ပိုင်းမှာ
Maximum ဖြစ်နေတာပြီး Cylindrical bow shape ရှိသောသင်္ဘော (Bulk carrier)တွေအတွက် သင့်တော်ပါတယ်။
(3)Nabla type
Nabla type မှာတော့ volume concentrated ဟာ top ဘက်ပိုင်းမှာ
ရှိတဲ့အတွက် sea keeping နဲ့ maneuvering ကိုဦးစားပေးသော သင်္ဘောများ
(War ship) တွေအတွက်သင့်တော်ပါတယ်။
Bulbous bow ကိုရွေးချယ်တပ်ဆင်ရာမှာ မိမိသင်္ဘောရဲ့ functional point of view ကနေကြည့်ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်။

မေးခွန်း။ Oil tanker လို voyage တကြောင်းသာ loading condition ဖြင့်သွားပြီး return voyage ကို Ballast mode ဖြင့်သွားသော ship အတွက် သုံးသင့်သော bulbous bow type ကိုထင်မြင်ချက်ပေးပါ။

အဖြေ။ ။ Oil tanker အတွက် အသင့်တော်ဆုံးက Delta type ပါ။ Oil tanker ဟာ ကျန်တဲ့ ship type တွေနဲ့ယှဉ်ရင် ရေစူးများလေ့ရှိပါတယ်။ ဒီအချက်ကြောင့် Wake making resistance ကို လျှော့ချဖို့အတွက် lower half မှာ concentrated များဖို့လိုပါတယ်။

No automatic alt text available.


Tuesday, February 28, 2017

Ship rudder အကြောင်းတစေ့တစောင်း

(၁) Theory of rudder
        Rudder ကို သင်္ဘော၏ ဦးတည်ရာထိန်းကျောင်းရာတွင် သုံးသည်။ Rudder ၏ Turning angle သည် Rudder တစ်ခု၏ Area ပေါ်တွင်မူတည်သည်။ ၄င်း Area သည် သင်္ဘောအမျိုးအစားအရ အသုံးပြုမှုအပေါ် မူတည်ရ်ျ ပြောင်းလဲသည်။ လက်တွေ့တွင် Rudder area သည် ရေနစ်မြုတ်နေသော Metal plane ၏ area ဖြစ်သည်။ အများအားဖြင့် Rudder ၏ အနက် (Depth) နှင့် အနံ (Width) အချိုး(Aspect ratio) သည် 2 ဖြစ်သည်။
Aspect ratio = Depth of rudder / Width of rudder

(၂) Force on rudder
Rudder ပေါ်တွင်သက်ရောက်နေသော အားသည် အောက်ပါတို့ပေါ်မူတည်သည်။
(၁) Rudder ၏ ဧရိယာ (A) – m2
(၂) Rudder ၏ ပုံစံ
(၃) သင်္ဘော ၏  Speed (v) – m/s
(၄) Angle of helm
Force acting on rudder = k A v2
K သည် ကိန်းသေ (Constant) ဖြစ်ပြီး rudder ၏ shape,  water density တို့ပေါ်မူတည်၍ ပြောင်းလဲသည်။ ပြောင်းလဲနှုန်းမှာ 570 – 610 ကြားဖြစ်သည်။ အဆိုပါ အား F သည် Rudder ပေါ်ရှိ အမှတ် M ပေါ်သက်ရောက်သည်။ M ၏တည်နေရာကို water flow စတင်ထိသော leading edge မှစတင်တိုင်းတာသည်။
M = (0.195 + 0.305 sin j) L
j သည် Rudder ၏ turning angle ဖြစ်ပြီး
L သည် Rudder ၏ width ဖြစ်သည်။
        Rudder ၏ ဧရိယာသည် သင်္ဘော၏ immersed mid plane area နှင့်  1/60 မှ 1/70 အချိုး ရှိပြီး သင်္ဘော၏ Speed များလေလေ Rudder area နည်းရလေဖြစ်သည်။
        Rudder ကို pintles နှင့် gudgeon ဖြင့် ချိတ်ထားပြီး rudder weight တခုလုံးကို bearing pintle (သို့) rudder carrier bearing (သို့) အဆိုပါ နှစ်ခုပေါင်းပြီးထိန်းထားသည်။

Rudder carrier bearing

(၃) Type of rudder
        Rudder ၏ axis of rotation တည်နေရာပေါ်မူတည်၍ ပုံစံ (၃) မျိုးရှိသည်။
(၁) Balanced rudder

(၂) Unbalanced rudder

 (၃) Semi balanced rudder  တို့ဖြစ်သည်။ 


(၄) Reason of rudder angle limited to 35 degree
        Rudder angle သည် 35 ထက်ကျော်ပါက စွမ်းဆောင်ရည် ( efficiency ) ကျဆင်းလာလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ rudder ၏နောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်လာသော ရေဝဲ (Eddy) များကြောင့်ဖြစ်သည်။ ထိုအခြေအနေကို Stalled condition ဟုခေါ်သည်။ Stall angle ဆိုသည်မှာ Rudder အတွက် maximum effective ဖြစ်သော angle ဖြစ်သည်။ 35 ကျော်လျှင် Maneuverability ကျဆင်းလာသည်။ သို့သော် rudder torque တိုးလာသည်။

(၅) Pivoting point

        Pivoting point ဆိုသည်မှာ သင်္ဘော turning  လုပ်ရာတွင် ဗဟိုထား၍ လှည့်သော အမှတ်တခုဖြစ်သည်။ များသောအားဖြင့် ship design ကိုမူတည်ပြီး bow မှ စတိုင်းလျှင် length အချိုး 1/3 နှင့် 1/6 ကြားတွင်ရှိသည်။ 

Wednesday, February 15, 2017

Oily water separator

              MARPOL အရ သင်္ဘောမှ Bilge water ကိုစွန့်ပစ်ရာတွင် Oil % သည်အပုံတစ်သန်းတွင်၁၅ပုံထက်နည်းရမည်(15ppm)ဟူသော ပြဌာန်းချက် ပါရှိသည်။ မြန်မာနိုင်ငံအနေဖြင့် MARPOL73/78 ကိုအတည်ပြုထားသောနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် International sea zone တွင်လိုက်နာရန် လိုအပ်ပေသည်။ ထိုရည်ရွယ်ချက် ဖြင့် Oily water separator များ အသုံးပြုလာခဲ့ကျသည်။
              Oily water separator (OWS) ၏ အဓိက ရည်ရွယ်ချက်မှာ ME rooms နှင့် Oil tanks တို့မှ ထွက်ရှိလာသော Bilge water များကို အနည်၊ဆီ၊ ရေ ခွဲခြားပေးကာ ရေသန့်စွန့်ထုတ်ပေးနိုင်ရန် ဖြစ်သည်။ထုတ်လုပ်သော Company ပေါ် မူတည်ကာ Design ကွဲပြားနိုင်သောလည်းအခြေခံအားဖြင့် ၃ မျိုး ပါဝင်သည်။
ငှင်းတို့မှာ -
(၁) Separator unit
Separator unit အ၀င်တွင် catch plate များဖြတ်ခံကာ အနည်များကို ကျန်ရစ်စေကာ Collection chamber တွင်းဝင်စေသည်။ ရူပဗေဒ သဘောတရား အရအနည်များသည် အောက်သို့ ကျဆင်းကာ
 ဆီများသည်ရေ၏အထက်တွင်ရှိနေမည်။ Collection chamber တွင်း ၀င်လာသော ဆီ၊ရေ အရောသည် အချိန်တခုတွင် ဆီများအပေါ် တွင်စုလာစေသည်။ ထိုဆီတွင် oil% မှာ 100ppt ရှိသည်။ ထို ဆီများကို Oil detecting probe မှ detect လုပ်ပြီး dirty oil tank သို့သွားသည်။ (Harbor Discharge*လုပ်ရန်ဖယ်ထုတ်ပေးသည်။)


(၂) Filter unit
Filter unit တွင် separator unit မှ ၀င်လာသော အရည် ကို အသေးစိပ် သန့်စင်ပေးခြင်းဖြစ်သည်။ Filter မှထွက်လာသော ရေ သည် 15 ppm မရောက်မချင်း စစ်ပေးသည်။ Coalescence process ဟုခေါ်သည်။ Oil droplets များကို ပေါင်းစည်းစေကာ ရေ သီးသန့်အဖြစ်ကျန်ရစ်စေသည်။
(၃) Oil content monitor and control unit
Monitoring နှင့် Control ၂ ပိုင်းပါဝင်သည်။
Ppm စစ်ပေးသော Oil control monitor (OCM) သည် ppm level မပြည့်မှီ ပါကာ control unit ကို alarm ပေးသည်။ Control unit က solenoid valves ကိုထိန်းချုပ်ကာ system တစ်ခုလုံး စနစ်တကျနှင့် မှန်ကန်စွာ လည်ပတ်စေသည်။
P.S - Bilge water တွင် ရေပါဝင်မှုနည်းသည်ဟု ယူဆပါက OWS ကိုမသုံးပဲ Waste tank သို့ တိုက်ရိုက်စွန့်ပစ်ပါ။

Cathodic protection

                Cathodic protection ဆိုသည်မှာ သင်္ဘောကိုယ်ထည်ပိုင်း သံချေးတက်ခြင်း ကာကွယ်ရန် အတွက်တပ်ဆင်ထားသော နည်းပညာတစ်ခုဖြစ်သည်။ ၁၈၂၄ ခုနှစ် (ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ) အချိန် ကာလ ကပင် London တွင် Sir Davy Humphry က Cathodic protection အကြောင်းစတင်ရေးသားနေပြီဖြစ်သည်။
Cathode- Anode အကြောင်းသိရှိရန် Periodic table ကိုသိရှိရမည်။
Periodic table ရှိ Galvanic series တွင်- 
Anode materials များစဉ်ချလိုက်ပါက အောက်ပါအတိုင်းရရှိသည်။
Magnesium (Mg)
Aluminum (Al)
Zinc (Zn)Chromium (Cr)
Iron (Fe)
Nickel (Ni)



               Anode ဆိုသည်မှာ အနုတ်ဓါတ် သဘောဆောင်ကာ အပေါင်းဓါတ် Cathode နှင့်ပေါင်းစပ်ကာ Oxidation ဖြစ်ပေါ်စေသည်။ အဆိုပါ Series အရ အပေါ်ဘက်ရှိ Metal များသည် ပိုOxidation ဖြစ်စေသည်။ သဘောင်္ရှိ Iron ကို Corrosion သက်သာစေရန် #Zinc Anode ကိုသုံးသည်။ Zinc သည် Aluminum ထက်ဈေးသက်သာကာ Chromium ထက်ပိုပေါများသောကြောင့်ဖြစ်သည်။ #Aluminum ship body အတွက်မူ #Magnesium anode ကိုသုံးရပေမည်။
Anodes များ သုံးသည့်နေရာများမှာ-
(၁) သင်္ဘော ကိုယ်ထည်
(၂) Ballast tank အတွင်းပိုင်း
(၃) Heat ex-changers များ
(၄) Sea Chests နေရာတို့ဖြစ်သည်။
Ship body anode ၏ သက်တမ်းမှာ ၂ နှစ်မှ ၃ နှစ်ကြားအတွင်း ဖြစ်သည်။ Docking ကာလတွင် သက်တမ်းစေ့ပါက လဲလှယ်မှူ ပြုပေးရမည်။ လဲလှယ်မှု သည် Anode ၏ 10% သာအကောင်းကျန်ပါက လဲလှယ်ရတော့မည် ဖြစ်သည်။ သက်တမ်းကာလအတွင်း အခြားသော နေရာများထက် ပိုစားထားသော နေရာကိုစစ်ဆေးတွေ့ ရှိပါက Size ပိုကြီးသော Anode ကို နောက်တခါတွင် သတိထား တပ်ဆင်ပေးရန်လိုအပ်သည်။ တပ်ဆင်မှူနေရာ စဉ်းစားမှူ ကို Design stage တွင် Ship stream flow အားလေ့လာထားမှူ ပေါ်မူတည်မည်ဟု ထင်မြင် မိသည်။ stream flow ပေါ်မူတည် ကာ တပ်ဆင်ခြင်းဖြင့် Effective ဖြစ်သော Cathodic protection system တစ်ခုရရှိကာ Maintain system စနစ်တကျလုပ်ပေးခြင်းဖြင့် Economize ဖြစ်စေနိုင်ပါသည်။