Wednesday, February 15, 2017

Oily water separator

              MARPOL အရ သင်္ဘောမှ Bilge water ကိုစွန့်ပစ်ရာတွင် Oil % သည်အပုံတစ်သန်းတွင်၁၅ပုံထက်နည်းရမည်(15ppm)ဟူသော ပြဌာန်းချက် ပါရှိသည်။ မြန်မာနိုင်ငံအနေဖြင့် MARPOL73/78 ကိုအတည်ပြုထားသောနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အလျောက် International sea zone တွင်လိုက်နာရန် လိုအပ်ပေသည်။ ထိုရည်ရွယ်ချက် ဖြင့် Oily water separator များ အသုံးပြုလာခဲ့ကျသည်။
              Oily water separator (OWS) ၏ အဓိက ရည်ရွယ်ချက်မှာ ME rooms နှင့် Oil tanks တို့မှ ထွက်ရှိလာသော Bilge water များကို အနည်၊ဆီ၊ ရေ ခွဲခြားပေးကာ ရေသန့်စွန့်ထုတ်ပေးနိုင်ရန် ဖြစ်သည်။ထုတ်လုပ်သော Company ပေါ် မူတည်ကာ Design ကွဲပြားနိုင်သောလည်းအခြေခံအားဖြင့် ၃ မျိုး ပါဝင်သည်။
ငှင်းတို့မှာ -
(၁) Separator unit
Separator unit အ၀င်တွင် catch plate များဖြတ်ခံကာ အနည်များကို ကျန်ရစ်စေကာ Collection chamber တွင်းဝင်စေသည်။ ရူပဗေဒ သဘောတရား အရအနည်များသည် အောက်သို့ ကျဆင်းကာ
 ဆီများသည်ရေ၏အထက်တွင်ရှိနေမည်။ Collection chamber တွင်း ၀င်လာသော ဆီ၊ရေ အရောသည် အချိန်တခုတွင် ဆီများအပေါ် တွင်စုလာစေသည်။ ထိုဆီတွင် oil% မှာ 100ppt ရှိသည်။ ထို ဆီများကို Oil detecting probe မှ detect လုပ်ပြီး dirty oil tank သို့သွားသည်။ (Harbor Discharge*လုပ်ရန်ဖယ်ထုတ်ပေးသည်။)


(၂) Filter unit
Filter unit တွင် separator unit မှ ၀င်လာသော အရည် ကို အသေးစိပ် သန့်စင်ပေးခြင်းဖြစ်သည်။ Filter မှထွက်လာသော ရေ သည် 15 ppm မရောက်မချင်း စစ်ပေးသည်။ Coalescence process ဟုခေါ်သည်။ Oil droplets များကို ပေါင်းစည်းစေကာ ရေ သီးသန့်အဖြစ်ကျန်ရစ်စေသည်။
(၃) Oil content monitor and control unit
Monitoring နှင့် Control ၂ ပိုင်းပါဝင်သည်။
Ppm စစ်ပေးသော Oil control monitor (OCM) သည် ppm level မပြည့်မှီ ပါကာ control unit ကို alarm ပေးသည်။ Control unit က solenoid valves ကိုထိန်းချုပ်ကာ system တစ်ခုလုံး စနစ်တကျနှင့် မှန်ကန်စွာ လည်ပတ်စေသည်။
P.S - Bilge water တွင် ရေပါဝင်မှုနည်းသည်ဟု ယူဆပါက OWS ကိုမသုံးပဲ Waste tank သို့ တိုက်ရိုက်စွန့်ပစ်ပါ။

1 comment: