(၁) Theory of rudder
Rudder ကို သင်္ဘော၏ ဦးတည်ရာထိန်းကျောင်းရာတွင်
သုံးသည်။ Rudder ၏ Turning angle သည် Rudder တစ်ခု၏ Area ပေါ်တွင်မူတည်သည်။ ၄င်း
Area သည် သင်္ဘောအမျိုးအစားအရ အသုံးပြုမှုအပေါ် မူတည်ရ်ျ ပြောင်းလဲသည်။ လက်တွေ့တွင်
Rudder area သည် ရေနစ်မြုတ်နေသော Metal plane ၏ area ဖြစ်သည်။ အများအားဖြင့်
Rudder ၏ အနက် (Depth) နှင့် အနံ (Width) အချိုး(Aspect ratio) သည် 2 ဖြစ်သည်။
Aspect ratio = Depth of rudder /
Width of rudder
(၂) Force on rudder
Rudder ပေါ်တွင်သက်ရောက်နေသော
အားသည် အောက်ပါတို့ပေါ်မူတည်သည်။
(၁)
Rudder ၏ ဧရိယာ (A) – m2
(၂)
Rudder ၏ ပုံစံ
(၃) သင်္ဘော
၏ Speed (v) – m/s
(၄)
Angle of helm
Force acting on rudder = k A v2
K သည် ကိန်းသေ
(Constant) ဖြစ်ပြီး rudder ၏ shape,
water density တို့ပေါ်မူတည်၍ ပြောင်းလဲသည်။ ပြောင်းလဲနှုန်းမှာ 570 – 610 ကြားဖြစ်သည်။
အဆိုပါ အား F သည် Rudder ပေါ်ရှိ အမှတ် M ပေါ်သက်ရောက်သည်။ M ၏တည်နေရာကို water flow
စတင်ထိသော leading edge မှစတင်တိုင်းတာသည်။
M = (0.195 + 0.305 sin j) L
j သည် Rudder ၏ turning angle ဖြစ်ပြီး
L သည်
Rudder ၏ width ဖြစ်သည်။
Rudder ၏ ဧရိယာသည် သင်္ဘော၏ immersed mid
plane area နှင့် 1/60 မှ 1/70 အချိုး ရှိပြီး
သင်္ဘော၏ Speed များလေလေ Rudder area နည်းရလေဖြစ်သည်။
Rudder ကို pintles နှင့် gudgeon ဖြင့် ချိတ်ထားပြီး
rudder weight တခုလုံးကို bearing pintle (သို့) rudder carrier bearing (သို့) အဆိုပါ
နှစ်ခုပေါင်းပြီးထိန်းထားသည်။
Rudder carrier bearing
(၃) Type of rudder
Rudder ၏ axis of rotation တည်နေရာပေါ်မူတည်၍ ပုံစံ (၃) မျိုးရှိသည်။
(၁)
Balanced rudder
(၂) Unbalanced rudder
(၃) Semi balanced rudder တို့ဖြစ်သည်။
(၄) Reason of rudder angle limited to 35 degree
Rudder angle သည် 35 ထက်ကျော်ပါက စွမ်းဆောင်ရည်
( efficiency ) ကျဆင်းလာလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ rudder ၏နောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်လာသော
ရေဝဲ (Eddy) များကြောင့်ဖြစ်သည်။ ထိုအခြေအနေကို Stalled condition ဟုခေါ်သည်။ Stall angle ဆိုသည်မှာ Rudder အတွက် maximum effective ဖြစ်သော angle ဖြစ်သည်။ 35 ကျော်လျှင် Maneuverability ကျဆင်းလာသည်။ သို့သော် rudder torque တိုးလာသည်။
(၅) Pivoting point
Pivoting point ဆိုသည်မှာ သင်္ဘော turning လုပ်ရာတွင် ဗဟိုထား၍ လှည့်သော အမှတ်တခုဖြစ်သည်။
များသောအားဖြင့် ship design ကိုမူတည်ပြီး bow မှ စတိုင်းလျှင် length အချိုး 1/3 နှင့်
1/6 ကြားတွင်ရှိသည်။